ပန်းပန်လျက်ပဲ
ညိုပြာပြာလတာပြင်ခြေရင်း
လှိုင်းသက်ရာဗေဒါတက်
လှိုင်းသက်ရာဆင်း
ဆင်းရလဲမသက်သာ
အုန်းလက်ကြွေရေဘောလော
မျောစုန်လို့လာ
အဆင်းနှင့်အလာ မဗေဒါအထွေး
အုန်းလက်ကြွေသူ့နံဘေး ဆောင့်ခဲ့ရသေး
ဆောင့်ခဲ့လဲမသက်သာ
နောက်တကြိမ်ဒီတစ်လုံးဖုံးလိုက်ပြန်ပါ
မြုပ်ပြန်ပေါ့ပေါ်မလာ မဗေဒါအလှ
တလံကွာလှိုင်းအကြွ ပေါ်လိုက်ပြန်ရ
ပေါ်ပြန်လည်းမသက်သာ
ချောင်းအငယ်မြောင်းစွယ်ထဲက ဘဲထွက်လို့လာ
ဘဲအုပ်ကတစ်ရာနှစ်ရာ
မဗေဒါက တပင်ဘဲ
အယက်အကန်ခံလို့ ဗေဒါပျံအံကိုခဲ
ပန်းပန်လျက်ပဲ။
ဆရာဇော်ဂျီအား အစဉ်လေးစားလျက်
Saturday, November 10, 2007
Subscribe to:
Post Comments (Atom)
No comments:
Post a Comment